မျှော်လင့်ချက်တစ်ခုနှစ်ခုလောက်
ငါ့ဆီနင်ပစ်ထားပြီး
သံသရာဟိုအဝေး
နင်ခရီးထွက်သွား
ပျောက်ဆုံးခြင်းအနက်အဓိပ္ပါယ်
အဖြေတစ်ခုခု
နင်မှာကြားပြီး
နိမိတ်ဖတ်ထားခဲ့သလား
ယာဉ်ပျံကြီးစီးပြီး
တခြားကမ္ဘာနင်ပျံသန်းသွား
ကမ္ဘာမြေတစ်ဖက်စွန်း
ရပ် ငါ ငေးကျန်ခဲ့
ဘဝနဲ့မဆံ့တဲ့အသိတွေမှာ
လွန်ဆွဲရင်း
အချိန်တွေတစ်ဖက်စွန်း
ကျိုးကြေပြတ်တောက်သွား
ရင်ခွင်ဗလာကျင်းထဲ
ညှီရော်ပုပ်သိုးခဲ့
ပျက်စီးခြင်း
ပျက်သုဉ်းခြင်း
ပျောက်ဆုံးခြင်း
ပြိုပျက်ခြင်းရဲ့
နောက်မှာအဖြေ
တစ်ခုတော့သိချင်တယ်
ငါ့ဆီနင်ပစ်ထားပြီး
သံသရာဟိုအဝေး
နင်ခရီးထွက်သွား
ပျောက်ဆုံးခြင်းအနက်အဓိပ္ပါယ်
အဖြေတစ်ခုခု
နင်မှာကြားပြီး
နိမိတ်ဖတ်ထားခဲ့သလား
ယာဉ်ပျံကြီးစီးပြီး
တခြားကမ္ဘာနင်ပျံသန်းသွား
ကမ္ဘာမြေတစ်ဖက်စွန်း
ရပ် ငါ ငေးကျန်ခဲ့
ဘဝနဲ့မဆံ့တဲ့အသိတွေမှာ
လွန်ဆွဲရင်း
အချိန်တွေတစ်ဖက်စွန်း
ကျိုးကြေပြတ်တောက်သွား
ရင်ခွင်ဗလာကျင်းထဲ
ညှီရော်ပုပ်သိုးခဲ့
ပျက်စီးခြင်း
ပျက်သုဉ်းခြင်း
ပျောက်ဆုံးခြင်း
ပြိုပျက်ခြင်းရဲ့
နောက်မှာအဖြေ
တစ်ခုတော့သိချင်တယ်
Comments (0)
The minimum comment length is 50 characters.